လားရှိုး ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးလက်မှုရိုးရာ ထိုင်ခုံများကို မိသားစုစီးပွားရေးအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း သိရသည်။
ဝါးဖြင့်ပြုလုပ်သော ထိုင်ခုံများကို ရှမ်းပြည်နယ်အတွင်း ထွက်ရှိသည့် ဝါးဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး ထိုင်ခုံမျိုးစုံကို ပြုလုပ်၍ ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်က အရင်တုန်းကတော့ သတ္တုတွင်းဝန်ထမ်းပေါ့။ အခုတော့ ပင်စင်လေးယူပြီး အိမ်မှာ နေတော့ မိသားစု အတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ကိုယ်တတ်ထားတဲ့ လက်မှု ပညာလေးနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ပြီး ရောင်းချပါတယ်။” ဟု ဝါးလက်မှုပညာရှင် ဦးခင်အောင်က ပြောသည်။
လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးထိုင်ခုံတစ်လုံးလျှင် တစ်သောင်းနှစ်ထောင်ကျပ်ဖြင့် ရောင်းချပြီး ထိုင်ခုံတစ်လုံးလျှင် ပြုလုပ်ချိန် နှစ်ရက်ခန့် ကြာမြင့်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)