အမရပူရ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့်ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲသို့ အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြရာ အထက်တန်း စာစီစာကုံးပြိုင်ပွဲတွင် ၉ ဦး၊ ကဗျာပြိုင်ပွဲတွင် ၉ ဦး၊ အလယ်တန်းစာစီစာကုံးပြိုင်ပွဲတွင် ၂၃ ဦး၊ အလယ်တန်းပန်းချီပြိုင်ပွဲတွင် ၁၅ ဦးနှင့် မူလတန်းစာစီစာကုံးတွင် ၂၅ ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၈၁ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)