ကျောက်ပန်းတောင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက စာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုလတ်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ဘော်ဒါအုပ်ကလက်ခံရယူခဲ့သည်။ ဆက်လက်၍ အ-ထ-က၁မှ ကျောင်းသူလေးများက အာရှမြန်မာ သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးအခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းနားတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)