တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဆိပ်ကမ်းရှိ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစားပြုပြင်
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ကော့သောင်းဆိပ်ကမ်းရှိ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။