စေတုတ္တရာ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "မမေ့အပ်ပေဇာနည်တွေ"ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် (၃၂) ဦး၊ ပန်းချီပြိုင်ပွဲတွင် "(၁၉) ဇူလိုင်မမေ့နိုင်" ခေါင်းစဥ်ဖြင့် မူလတန်းအဆင့် (၄၄) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၆) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ဆန်းကိုကို(ပြန်/ဆက်)