သတင်းများ

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ
Dec 27,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ပရိယတ္တိသာသနာပါလက အာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကျင်းပ
Dec 27,2023
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ကျောက်တောကျောင်း၌ ဒီဇင်ဘာလ (၂၃) ရက်မှ (၂၇) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် (၆၇) ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၉) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာအခမ်းအနားအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့လှူဒါန်း ခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
"ရွှေတောင်ဘိုးဘွားရိပ်သာ"တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ အမှတ် (၆)တပ်မတော်ဆေးရုံ (ခုတင်- ၁၀၀)  နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ "ရွှေတောင်ဘိုးဘွားရိပ်သာ"တွင် ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊အမှတ်(၆) တပ်မတော်ဆေးရုံ  (ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်
Dec 27,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် သာသနာ့ဟိတကာရီ ဗိမာန်ဓမ္မာရုံသစ်ကြီးတွင် အပူဇော်ခံထားရှိမည့် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကြိုဆိုပင့်ဆောင်ပူဇော်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။