ဓနုဖြူ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့လှူဒါန်း ခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ကျန်မာရေးစစ်ဆေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာခြင်းများကို ကြည့်ရှုဆောင်ရွက်ခဲ့ပြီး၊ အာဟာရဒါနအဖြစ် အိုဗာတင်းအာဟာရ တိုက်ကျွေးခြင်း၊ ကြက်ဉနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)