သတင်းများ

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို  ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ပြုလုပ်
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှုလုပ်ငန်းများ တိုးလာစေရန် ရည်ရွယ်၍ ကလိန်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၄၂၂၁၂ ဧက စိုက်ပျိုးပြီးစီး
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲ ၄၂၀၀၀ ဧက ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။
စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် လူကြီးများ စုပေါင်း၍ အလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် အသင်း (၁၁) သင်းဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယနေ့ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာကော်မတီ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီနှင့် ထန်းတပင်မြို့နယ် လူငယ်ရေးရာကော်မတီတို့၏ အမှတ်စဉ် (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကျောက်တလုံးကြီးမြို့တွင် စဉ်ဆက်ပညာရေးသင်တန်း ဖွင့်လှစ်
Dec 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒေသခံပြည်သူများ  အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်မြင့်မားပြီး လူမှုဘဝမြင့်မားရေးအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် စဉ်ဆက်ပညာရေးသင်တန်းဖွင့်ပွဲကို ကျောက်တလုံးကြီးမြို့၊ အောင်ဇမ္ဗူလောင်း ဓမ္မာရုံတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခွဲကကျင်းပသည်။
ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်း ဖွင့်လှစ်
Dec 27,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ်ခြင်းကို မုတ္တမကျေးရွာအုပ်စု၊ ကျိုက်ဖျင်ဂူစေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။