သတင်းများ

ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Dec 27,2023
ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ၁:၀၀ နာရီအချိန်က မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူ (book club) (youth club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် ဇမ္ဗူအေးဆုတောင်းပြည့်စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် တည်ထားကိုးကွယ်သည့် ဇမ္ဗူအေးဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ဘားအံခရိုင် Community Centre ခန်းမတွင် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Dec 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသအတွင်း ပေါများစွာထွက်ရှိသော သစ်သီးဝလံများကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည် ရွယ်၍ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုဘားအံခရိုင်၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်
Dec 27,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည် ။
ကွန်ဟိန်းမြို့၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး 'ဗုဒ္ဓဘိသေက' ဘုရားအနေကဇာတင်ပူဇော်ပွဲနှင့် အာရုံဆွမ်းဆပ်ကပ်ခြင်း ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး 'ဗုဒ္ဓဘိသေက'ဘုရားအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် (၅) နာရီက အဆိုပါဘုရားကြီးပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ပင်ဦးကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး
Dec 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၃၇၈)ဦး၏ စပါးနှင့်အခြားသီးနှံစိုက်ဧက (၁၅၀၇) ဧကအတွက် ချေးငွေကျပ် (၁၆၁၉.၅၀)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)လုပ်ငန်းများ ဆောင်ရွက်
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သာဇီရပ်ကွက် အ.ထ.က (နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်းရှိ အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါ ပြည်လုံးချမ်းသာဘုရားကြီးဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။