မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၂၉

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကိုအမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်မှ ကျေးဇူးတင်စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဟောပြောရာတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရအောင် ကြိုးပမ်း‌ဆောင်ရွက်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသား ပြည်သူများ၏ အသက်သွေး၊ ချွေးပေါင်းများစွာ ပေးအပ်ခဲ့ရ‌ကြောင်း၊ လွတ်လပ်ရေးနေ့ကို တိုင်းရင်းသား အားလုံးက မြတ်နိုးတန်ဖိုးထားကြောင်း၊ လွတ်လပ်ရေးကြီး မဆုံးရှုံးရအောင် တစ်မျိုးသားကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း စသည်များ အကျယ်တဝင့်ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရှီးမွန်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးကို အစဉ်ထိန်းသိမ်း‌ စောင့်ရှောက်ရန်လိုအပ်‌ကြောင်း၊ အားကစားဝါသနာရှင်များအနေဖြင့်လည်း မိမိတို့မြို့နယ်အားကစားကွင်း၌ မည်သူမဆို(အခမဲ့)လာရောက်ကစားနိုင်ကြောင်း စသည်များပြောကြားပြီး အားကစားပစွည်းများလည်း ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီးနောက် ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ်နံရံကပ်စာစောင်များ၊ ခင်းကျင်းပြသထား‌သော စာအုပ်၊ စာ‌စောင်များကို တက်ရောက်လာသော ကျောင်းသား/သူများက  လေ့လာကြည့်ရှုပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ လက်ကမ်းစာစောင်များကိုလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း