ကော့သောင်း ဒီဇင်ဘာ ၂၉
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ အ.လ.က.(ခွဲ)ဘုရင့်နောင်ကျောင်းတွင် ယမန် နေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ဟောပြောပွဲတွင် ကျောင်းသား၊ကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးပြန်လည်ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအကြောင်း သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှုနှင့် လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်ရမည့် သမိုင်းပေး တာဝန်များစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအား လွတ်လပ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းဆိုင်ရာ အသိပညာပေး စိတ်ဝင်စားဖွယ်ရာ မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းကောက်နှုတ်ချက်များ၊ နံရံကပ် စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)