ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာအလယ်တန်း (Grade-9) ဘာသာရပ်သင် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်၊ ပညာရေးမှူးရုံးမှ ဒေါက်တာဥမ္မာကြည်က ပညာရေးကဏ္ဍသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ သက်မွေးဘက်စုံပညာရေးစနစ်ဖြင့် ကျောင်းသား/ကျောင်းသူများအား အတန်းစဉ်အလိုက် စဉ်းစားတွေးခေါ်မှုများမြင့်မားရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်းနှင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်များသင်ကြားရာတွင် အလေးထား သင်ကြားပေးသွားကြရန်နှင့် မေးခွန်းထုပ်ဝေခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအဆင့် အလယ်တန်း အဆင့်ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရာက်ခဲ့သည့် ကျောက်ဆည်မြို့၊ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(မြို့မ)၊ အ.ထ.က(မြစ်သား)၊ အ.ထ.က(ကူမဲ)၊ အ.လ.က(မီးသွေးဖုတ်)၊ အ.လ.က(သင်တောင်း) ကျောင်းများမှ ဘာသာရပ်သင် နည်းပြဆရာ/ဆရာမကြီးများမှ ဦးဆောင်၍ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့ကြသည့် ကျောက်ဆည်မြို့နယ်မှ (Grade-9) ဘာသာရပ်သင် ဆရာ/ဆရာမ(၆၃)ဦး၊ မြစ်သားမြို့နယ်မှ (Grade-9)ဘာသာရပ်သင် ဆရာ/ဆရာမ(၁၄၀)ဦး၊ စဉ့်ကိုင်မြို့နယ်မှ (Grade-9) ဘာသာရပ်သင် ဆရာ/ဆရာမ(၆၀)ဦးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်(Grade-9) ပြီးမြောက်ခြင်းစာမေးပွဲဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်ရေး ပါဝင်ဆေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင် ခရိုင်(ပြန်/ဆက်)