အောင်လံ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်လံခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုံးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းက ရပ်ရွာအခြေပြု လူကုန်ကူး မှုစိစစ်ဖော်ထုတ်ရေးရက်တို သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း (၁၀၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဒီဇင်ဘာ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့ထိ ရက်တိုသင်တန်းဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)