သာစည်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

သာစည် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမျိုးသက်ကျော်က နိုင်ငံတော်အလံလွှင့်တင် အလေးပြုခြင်းအခမ်းအနားနှင့်  မြို့နယ်ခန်းမ၌ ကျင်းပပြုမည့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများ  အောင်မြင်စွာကျင်းပနိုင်ရေး  ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီအလိုက်  ကြိုတင်ပြင်ဆင်ထားရှိကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရန် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်က ဂုဏ်ပြုတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ဆပ်ကော်မတီ အသီးသီးအလိုက် လွတ်လပ်ရေးနေ့အခမ်းအနား ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စာစီစာကုံး၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်ပမည့်အခြေအနေများ၊ ဆုချီးမြှင့်မည့်အခြေအနေများနှင့်  ဘဏ္ဍာငွေရရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ လိုအပ်သည်များကို ဆပ်ကော်မတီအသီးသီးအလိုက် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ မြို့ပေါ် (ရ) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။   

မြို့နယ်ပြန်/ဆက်