စစ်ကိုင်း ဒီဇင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နောက်ဆုံးနေ့အဖြစ် ဘွဲ့အပ်နှင်းမှုကို ဆက်လက် ကျင်းပလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၃)ဦး၊ မဟာပါရေးဘွဲ့(၄၇)ဦး၊ ပညာရေးဘွဲ့(၂၁၃)ဦး၊ PGDMA ဘွဲ့လွန်ဒီပလိုမာ (၁၁၇)ဦး၊ ပညာရေးဘွဲ့(စာပေး စာယူ)(၃၀၂၄)ဦး၊ အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ် (၁၃)ကျောင်းမှ ပညာရေးဘွဲ့ (စာပေးစာ ယူ)ဘွဲ့ရ(၃၄၆၆)ဦးတို့ကို ဘွဲ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် ယနေ့(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း(၃၈၇၃၄)ဦးတို့ကို မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မြင့်နိုင်