သတင်းများ

အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကျင်းပ
Jan 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ယ​မန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်း ဖွင့်လှစ်
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီက မြို့သစ်မြိူ့၊ ရွှေလရောင် ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်း၌ ကျင်းပသည်။
မိုင်းစံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်း‌ကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။
တန့်ယန်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Jan 02,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းကလေးများ ကာယစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်
Jan 02,2024
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကလေးများ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါ မူကြိုကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ်ကန်ကြီးကုန်းကျေးရွာတွင် မိုးစပါး (ဆင်းသုခ) စံကွက်ရိတ်သိမ်း
Jan 02,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါး (၂၄၈၆၀) ဧက စိုက်ပျိုးထားရှိသည့်  စပါးခင်းများအား ကောင်း၊ သင့်၊ ညံ့ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းအလိုက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။