သတင်းများ

မင်းလှမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကန်တော်ကြီးမြေပဒေသာကျွန်းတွင် ကျင်းပ
Jan 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဥ်အတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ(ကန်တော်ကြီး/မြေပဒေသာကျွန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈း၀၀ နာရီက ကျင်းပခဲ့သည်။
အောင်လံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းကစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပိုက်ကျော်ခြင်း အားကစားစပ်ကော်မတီတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းတွင် ကျင်းပလျက်ရှိသည်။
ကျိုင်းတုံမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း ဖွင့်လှစ်မည်
Jan 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်မည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ ၂၅ ရက်အထိ ကျိုင်းတုံမြို့၊  ကျိုင်းတုံမူလတန်းကြိုကျောင်း၊ မြို့တော်ခန်းမအနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မက်မန်းမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်လွဲပိုင်းက မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက္ကသိုလ်၊ ကောလိပ်များ၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည်ရှုအားပေး
Jan 02,2024
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ဌားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားသောက်ကုန်စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊မွေးမြူ၊ ထုတ်လုပ်ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်အတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့သည်။
နတ်မောက်မြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အားကစားပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။