နမ့်စန်တွင် မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။