(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကျင်းပ

​ရွှေဘို ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ယ​မန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ကျောင်းသားလူငယ်များအား နှစ်စဥ်လွတ်လပ်ရေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးရရှိရန်သူရဲ​ကောင်းများ၏အသက်၊ သွေး၊ ချွေးတွေရင်းနှီးကာ ရယူခဲ့ကြသည့် အတွက်တန်ဖိုးထားတတ်စေရန်၊ အင်္ဂလိပ်တို့၏ကျူးကျော်နယ်ချဲ့မှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးအဓွန့်ရှည်ခိုင်မြဲရန် ကာကွယ်ရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်​​ဝေသည့်လက်ကမ်းစာ​​စောင်များကိုဖြန့်​ဝေ​ပေးခဲ့ပြီး၊ပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)