သတင်းများ

ကျောက်ဖြူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 01,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်ကျရောက်မည့်(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Jan 01,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသောက်ရေးအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံဝန်းနှင့် အရာရှိရပ်ကွက်ရှိ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ခြံဝန်းနေရာတို့၌ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 01,2024
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ် (၇)မိုင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊RCC နှစ်ထပ် ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူ မြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဈေးရောင်းဈေးဝယ်ပြည်သူများကို ကွင်းဆင်းအသိပညာပေး
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၁ ရက်၊ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူ မြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Jan 01,2024
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် ဦးဆောင်သော တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁၃) နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ (၇၆)နှစ် မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြသည်။ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများအား ဟောပြောခဲ့ပြီး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများလက်ဝယ်အရောက် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး သည်။
ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ ဘဲဥ၊ ကြက်သားနှင့်ငါးများရောင်းချပေး
Jan 01,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများသို့ ဆီ၊ ကြက်ဥ၊ သားငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းရှိဝန်ထမ်းများအား ကြက်ဥ၊ ဘဲဥ၊ ကြက်သားနှင့်ငါးများကို ဈေးနှုန်းချိုသာစွာရောင်းချပေးကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Jan 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့်(Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာထပ်ဆင့်ရှင်းလင်းပွဲနှင့် သင်တန်းတွံတေး၌ပြုလုပ်
Jan 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့်(Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲနှင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။