သတင်းများ

မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲ ဆောင်ရွက်
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မင်းတုန်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ
Jan 02,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ မြို့မအားကစားကွင်းတွင် ယမန်နေ့နံနက် ၈ နာရီမှစတင်ပြီး ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသားစစ်တုရင်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဂန့်ဂေါမြို့၊ ဘုရားကြီးမြောက်ကျောင်း၊ ဒေဝမုနိဘုရားကြီး၏ဘုရားရင်ပြင်အား နေပူဒဏ်ခံကျောက်ပြားခင်းခြင်း နှစ်သစ်ကူးအလှူ ကုသိုလ်ကောင်းမှု ရေစက်ချပွဲအခမ်းအနား ပြုလုပ်
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များမှ မြောက်ကုန်းရပ်ကွက်ရှိ ဘုရားကြီးမြောက်ကျောင်း၊ ဒေဝမုနိဘုရားကြီး၏ ဘုရားရင်ပြင်အား နေပူဒဏ်ခံကျောက်ပြားခင်းခြင်း ကုသိုလ်ကောင်းမှုအား ရေစက်ချပွဲအခမ်းအနားကို ဇန်နဝါရီ ၁ရက် နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုပေါင်း၍ (၁၂/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေးလစဉ်ထိုးနှံတိုက်ကျွေးပေး
Jan 02,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေနိုင်ရေးအတွက် နတ်မောက်မြို့နယ် ကျေးရွာအချို့ရှိ ကလေးငယ်များအား မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို ကာကွယ်ဆေးများ လစဉ်ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်း အမှတ်စဉ် (၂/၂၀၂၃- ၂၀၂၄) ဖွင့်ပွဲ ကျင်းပ
Jan 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှကြီးမှူးပြီး ဒေသခံပြည်များ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျသ်သော စက်ချုပ်တတ်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ကျေးလက်နေအမျိုးသမီးငယ်လေးများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃- ၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်စပပြုလုပ်ခဲ့သည်။
ဗန်းမော်တက္ကသိုလ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ
Jan 02,2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က နမ့်ဖါးရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ​ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Jan 02,2024
လွတ်လပ်ရေးရယူပေးခဲ့သော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကြီးမားပုံ၊ လွတ်လပ်ရေးနေ့အကြောင်းများကို သိရှိနားလည်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။