သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ် ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသွား မြေသားလမ်း၊ ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသင်းမင်းလတ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီ ၂ ရက်၊ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသွား မြေသားလမ်းအား တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံး၊ ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ
Jan 02,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရားများကို နံရံကပ်စာစောင်ပြုလုပ်ပြီး လစဉ်ပုံမှန်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့အခြေခံပညာကျောင်းများ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာကျောင်းများ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးသည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jan 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Jan 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊  ပိုးစာတောကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း ကို ယမန်နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကြောင့် ညပိုင်းများတွင် ကျန်းမာရေးလိုအပ်ချက်များရှိပါက ပရဟိတလူမှုကူညီရေးအဖွဲ့များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်
Jan 02,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီအချိန်ထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသောကြောင့် ညပိုင်းအချိန်များတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးလိုအပ်ချက်အရ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်လိုပါက ပရဟိတလူမှုကူညီရေးအသင်းများသို့ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ကြောင်းသိရသည်။
မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များ ယာသီးထပ်ဆောင်းမြေပဲ (၅) မျိုး အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှုစစ်ဆေး
Jan 02,2024
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း စိုက်ပျိုးထားသော ယာသီးထပ်ဆောင်းမြေပဲ (၅) မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် တစ်ဧက အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။