မင်းတုန်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

မင်းတုန်း ဇန်နဝါရီ  ၂

၂၀၂၄ ခုနှစ်၊ ဇန်နဝါလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ မြို့မအားကစားကွင်းတွင် ယမန်နေ့နံနက် ၈ နာရီမှစတင်ပြီး ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသားစစ်တုရင်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မင်းတုန်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အားကစားပြိုင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စစ်တုရင်၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြိုင်ပွဲများ၏ တတိယနေရာလုပွဲစဉ်များ၊ ဗိုလ်လုပွဲစဉ်များ၊ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် ခေါင်းအုန်းရိုက်ပြိုင်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)