နတ်မောက် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေနိုင်ရေးအတွက် နတ်မောက်မြို့နယ် ကျေးရွာအချို့ရှိ ကလေးငယ်များအား မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို ကာကွယ်ဆေးများ လစဉ်ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လစဉ်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွားဆရာမနှင့်ဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ အသက်အပိုင်းအခြားအလိုက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(၉)မျိုးနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း