မုံရွာ ညဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှကြီးမှူးပြီး ဒေသခံပြည်များ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျသ်သော စက်ချုပ်တတ်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ကျေးလက်နေအမျိုးသမီးငယ်လေးများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃- ၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်စပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးအောင်မောင်းက “သင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာများကို ကျွမ်းကျင်တတ်မြောက်အောင် အထူးကြိုးစားလေ့လာသင်ယူကြပြီး ရရှိလာမည့် နည်းပညာများကိုလည်း လက်တွေ့ဘဝတွင် မှန်ကန်စွာအသုံးချဖို့ရန်နှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း လိုအပ်ချက်များအား မိမိတို့ဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများရဲ့ ထုတ်ကုန်ပစ္စည်းများကိုလည်း ဈေးကွက်ရရှိအောင်နှင့် လုပ်ငန်းစဥ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ရဲ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ ပြန်လည်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုရေရှည်တည်တံ့ခိုင်မာအားကောင်းလာမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးနှင့် တက်ရောလာသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တက်ရောက်လာကြသော သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ မုံရွာမြို့ အခြေခံစက်ချုပ်နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) တွင် သင်တန်းနည်းပြဆရာမများက ချိတ်စကတ်၊ သုံးလွှာစကတ်၊ လေးလွှာစကတ်၊ ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ နောက်ကွဲ၊ ဇစ်ပါအင်္ကျီ၊ ကလေးဂါဝန်၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ စသည့် အခြေခံစက်ချုပ်ဘာသာရပ် (၁၀) မျိုးကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သင်တန်းသူ (၂၀) ဦး အား (၁.၁.၂၀၂၄)ရက်နေ့မှ (၃၀.၁.၂၀၂၄)ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)