သတင်းများ

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက စတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jan 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကျင်းပ
Jan 03,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပပြုလုပ်သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၂၇)ကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကျင်းပ
Jan 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ သုခိတာရုံပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Jan 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေး စစ်ဆေးကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၄) ရပ်ကွက်ရှိ သုခိတာရုံ ပရိယတ္တိစာသင်တိုက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး စည်းကြပ်ဒိုင်အဖွဲ့ ညှိနှိုင်းဆွေးနွေး
Jan 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စည်းကြပ်ဒိုင်အဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော် စားသုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်
Jan 03,2024
နေပြည်တော် စားသုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးခမ်လျန်စွမ်း၊ ခရိုင်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ဥက္ကဋ္ဌများ၊ နေပြည်တော် MSME အသင်းအဖွဲ့ဝင်များ၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌများ၊ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။