သတင်းများ

ကော့သောင်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်း ပြုလုပ်
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့၊ အ.ထ.က(ခွဲ) အ.လ.က-၂ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Jan 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သတိမူမိစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ည(၆)နာရီက အင်းစိန်မြို့နယ်အတွင်းသို့ လှည့်လည်နှိုးဆော်သည်။
ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး​၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၀၀)အချိန်က အ.မ.က (လွန်) ဝန်လိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်း၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအထက်ဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာရှင်အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများတွင် အထောက်အကူဖြစ်သည့် အိမ်သုံးဆိုလာစနစ်တကျသုံးစွဲခြင်းနှင့်တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်လှစ်မည်
Jan 03,2024
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Mandalay Region Chamber of Commerce & Industry- MRCCI) နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာရှင် အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများနှင့် စက်မှုလက်မှု လုပ်ငန်းတို့တွင် များစွာအထောက်အကူဖြစ်သည့် ဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းအခြေခံသင်တန်းကို ကျွမ်းကျင်သောလက်တွေ့ဆောင်ရွက်နေသည့် သင်တန်းဆရာများက စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှသိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့်ပြည်သူပူးပေါင်း ဆောင်ရွက်သော ကြာဘက်ကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် အ.လ.က (၂) ကျောင်း၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 03,2024
ကျောင်းသား၊ ကျောင်းသူ လူငယ်များ လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို ပိုမိုတန်ဖိုးထားတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။