သတင်းများ

နတ်တလင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 03,2024
မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေး နေ့အထိမ်းအမှတ်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမော့လဲ-တခွက်ဖိုး (ပန်တော်မှီ) ကျေးရွာချင်းဆက် ကတ္တရာထပ်ပိုးလွှာလမ်း၊ တခွက်ဖိုး-ပန်တော်မှီလမ်း ကွန်ကရစ်လမ်းသစ်နှင့် လှိုင်းဘွဲ-ပိုင်ကျုံကတ္တရာလမ်းဖွင့်
Jan 03,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရွှေဒုံသမိကုမ္ပဏီနှင့် မြန်မာတိုးတက်ချမ်းသာကုမ္ပဏီတို့မှ ဆောင်ရွက်ပြီးစီးသော လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ-တခွက်ဖိုး (ပန်တော်မှီ)ကျေးရွာချင်းဆက် ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း တရားမဝင်တင်သွင်းလာသည့် စားသုံးဆီများအား ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး
Jan 03,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း တရားမဝင်တင်သွင်းလာသည့် စားသုံးဆီများအား ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းရှိ/မရှိ ယမန်နေ့က စားသုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြသည်။
တောင်ငူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်လျက်ရှိသည်။
ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ (၁၅)သိန်း မျိုးစိုက်ထည့်
Jan 03,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းမှကြီးမှူး၍ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၁၅)သိန်း မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။