ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ဗဟုသုတရရှိစေရန်၊ အနာဂတ်တွင်ထွန်း တောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ အသိပညာတိုးပွားလာစေရန်နှင့် မြန်မာ့သမိုင်း ကို သိရှိမြင်နေစေရန်အတွက် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ နိုင်ငံချစ်စိတ်၊လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေးနှင့် အနာဂတ် လူငယ်လူရွယ်များက လွတ်လပ်ရေးကို ထိန်းသိမ်းသင့်ကြောင်းဟော ပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းကောက်နုတ်ချက်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)