ငရုတ်ကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြုလုပ်

ငရုတ်ကောင်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်း၊ စာအုပ်စာ‌စောင် ပြသခြင်းတို့ကို ယမန်နေ့ ညနေ ၂ နာရီက ငရုတ်ကောင်းမြို့ (အထက)ရှိ ရွှေရတုခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကျော်မာလာလွင်၊ (အထက)မှ အလယ်တန်းပြ ဆရာမကြီး ဒေါ်သီတာကျော် တို့က ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)