စစ်ကိုင်း ဇန်နဝါရီ ၃
စစ်ကိုင်းမြို့တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အသက်(၂၅)နှစ်အောက် (၃)မြို့နယ်၊ အမျိုးသား (အကြီးတန်း) ဘော့လုံးပြိုင်ပွဲကို ယမန်နေ့က ပိုးတန်းမြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုတွေ၊ ဒီဇင်ဘာ အားကစားလ လူထုလှုပ်ရှားဆောင်ရွက်မှုများနှင့် အားကစားပြိုင်ပွဲတွေကို အဆင့်မြင့်ကျောင်းတွေ/ အခြေခံပညာကျောင်းတွေမှာ ကျင်းပပြုလုပ် ပေးခဲ့ပါတယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားကိုတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘော့လုံး ပြိုင်ပွဲမှာတော့ ခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်စေခဲ့တာပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကတော့ ဌာနပေါင်းစုံက(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဌာနပေါင်းစုံကဝန်ထမ်းတွေဖြစ်တဲ့အတွက် ဌာနဆိုင်ရာအချင်းချင်း ချစ်ခင်ရင်းနှီးမှု များ ရရှိကာ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများလည်း ရရှိလာမှာပါ ဆုရရှိခဲ့သည့် အသင်းတွေကိုလည်း ဆုများပေးအပ် ချီးမြှင့်သွားမှာပါ” ဟု ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
အလားတူ ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ပြိုင်ပွဲဝင်(၁၃)သင်းဖြင့် ပိုးတန်းအားကစားရုံအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့် အသင်းများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
ဇော်မြင့်နိုင်