(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပပြုလုပ်

သာစည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို စတင်ရာ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများ၊ အမှတ်(၂) ရပ်ကွက်အခြေခံပညာအလယ် တန်းကျောင်(ခွဲ) မီးရထားနှင့် ကွမ်းခြံရိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့မှ ကျောင်းသား/သူ ၁၅ ဦးတို့က လွတ်လပ်အောင်ပန်း တို့ဆင်မြန်း၊ လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ၊ လွတ်လပ်ရေးအောင်ပွဲနေ့ ခေါင်းစဉ်သုံးမျိုးတို့ကို ယှဉ်ပြိုင်ရမည့် အမှတ်စဉ်နှင့် ခေါင်းစဉ်တို့ကို မဲနှိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသော ကျောင်းသား/သူများကို   မြို့နယ်မှ ကျင်းပပြုလုပ်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆရာမများနှင့် ကျောင်းသား/သူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသောအသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)