ကော့သောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့သောင်း ဇန်နဝါရီ   ၃  

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့်  သတင်းစကား လက်ကမ်းစာစောင်များကို  ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက (မူလွန်) ကမ်းပုံလားမား၊ အ.ထ.က (ခွဲ) အ.လ.က(၂) ကျောင်းနှင့် (အ.လ.က)  ပြည်ကြီး မဏ္ဍိုင်ကျောင်းတို့တွင် အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၂၀.၁.၁၉၄၆) ရက်နေ့  အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၄.၁.၂၀၂၃) ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်၊ “ပြည်တွင်းစည်းလုံးညီညွတ်မှုက သာလျှင် အဓိကအကျဆုံးဖြစ်” ဆိုသည့် ဆောင်းပါး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါ တာဝန်၊ မြင်းမူ မောင်နိုင်မိုး ရေးသားသည့် “လွတ်လပ်ရေးဆိုသည်မှာ” ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် စသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)