ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ယင်းမာပင် ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အဆိုပါကျောင်း အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများ၌ မူလတန်းအဆင့်တွင် ပူဖောင်းဖောက်၊ ဇွန်းကိုက်၊ အားလူးကောက်၊ ဂုံနီအိတ်စွပ်၊ ဂိုးသွင်း၊ အပ်ထိုး၊ စကောရွက်ပြိုင်ပွဲ များကိုလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် ပိုက်ကျော်ခြင်း၊ စက်ဘီးအနှေးစီး၊ စကောရွက်၊ အပ်ထိုးပြိုင်ပွဲများကို လည်းကောင်း၊ အခြေခံဆရာမများမှ စကောရွက်နှင့် အပြေးပြိုင်ပွဲများကိုလည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများမှ ဆုရရှိသူများကို  မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်