ကော့သောင်း ဇန်နဝါရီ ၃
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နဝရတ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အ.ထ.က(၂)ကျောင်းအသင်းနှင့် အ.ထ.က (ခွဲ) အ.လ.က(၄)ရွှေပြည်သာကျောင်းအသင်းတို့က အကြိတ်အနယ်ယဉ်ပြိုင်ခဲ့ကြရာ အ.ထ.က(၂) ကျောင်းအသင်းက ဗိုလ်စွဲခဲ့သည်။
ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အ.ထ.က(ခွဲ) အ.လ.က(၂)ရွှေမင်းဝံကျောင်းအသင်းနှင့် အ.ထ.က (ခွဲ)အ.လ.က(၄) ရွှေပြည်သာကျောင်း အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပြည်သာကျောင်းအသင်းက ဗိုလ်စွဲခဲ့ ကြောင်းသိရသည်။
အဆိုပါ ဘော်လီဘော အားကစားဗိုလ်လုပွဲယှဉ်ပြိုင်မှုတို့အား ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများတခဲနက် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)