မုဒုံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မုဒုံ     ဇန်နဝါရီ     ၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများဆက်လက်ကျင်းပလျက် ရှိသည်။

လူငယ်လူရွယ်များ အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ထူးချွန်သည့်အားကစားသမားကောင်းများဖြစ်လာစေရန်အတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ၊ 3 on 3 ဘက်စကပ်ဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ) အားကစားနည်းတွင်(၆)မျိုးဖြင့် အားကစားပြိုင်ပွဲများကိုကျင်းပရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာနေ အားကစားသမားများစုစုပေါင်း(၂၆၀)ကျော်  ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ဆုပေးပွဲများကိုလည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)