အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ပရိတ်သတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နတ်သျှင်၊ ရွှေဂူ၏ အနာဂတ်ကိုမျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို Book Club အဖွဲ့နှင့် စာဖတ်ပရိတ်သတ်များပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်တွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင် ဒေါ်ကေသီအောင်နှင့် ဒေါ်အိသဇင်ဖြိုး၊ စာဖတ်ပရိတ်သတ်များက အဆိုပါစာအုပ်မှ ‘’မိသားစု ပရဟိတ”၊ “အနာဂတ်ကိုမျှော်တွေးပါ”၊ “ကျေးဇူးတင်တတ်ဖို့လိုတယ်”၊ “မိတ်ကောင်းဆွေကောင်းနဲ့ အရည်အချင်း”စသည့် ခေါင်းစဥ်များဖြင့်မိမိတို့၏ ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းများ၊ Talk Show များ၊ ပြပွဲ ပြိုင်ပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)