ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေး

ဖျာပုံ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီအချိန်မှ စတင်၍ ကျင်းပနေမှုအား တာဝန်ရှိသူ များ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လိုက်လံကြည့်ရှုအားပေးရာတွင် ဖျာ​ပုံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲ များဖြစ်သော လွန်ဆွဲပြိုင်ပွဲ၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွတ် အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာ လှေလှော်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ယှဥ်ပြိုင်နေကြသော အားကစား သမားများ အား လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ပြိုင်ပွဲအလိုက် ဆုရရှိသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)