မြို့နယ်ပညာရေးမှူးဖလား အသက်(၁၃)နှစ်အောက် ကျောင်းပေါင်းစုံဘော လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပညာ ရေးမှူးဖလား အသက်(၁၃)နှစ်အောက် မူလတန်းအဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲတွင် မြို့မဘောလုံးအသင်းနှင့်အ စုကြီး/ပေါက်ဆိန်ပဲ့အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြ ရာ မြို့မဘောလုံးအသင်းက အစုကြီး/ပေါက်ဆိန်ပဲ့ ဘောလုံးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာ ပထမဆု ဆွတ်ခူးရရှိသွားပြီး အစုကြီး/ပေါက်ဆိန်ပဲ့ဘောလုံးအသင်းက ဒုတိယဆု ရရှိသွားခဲ့ သည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၃)နှစ်အောက် မူလတန်းအဆင့် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပရာ ရှေ့တန်းအကောင်းဆုံးဆုကို မြို့မ (၁၀) အောင်ထက်မြတ်၊ အလယ်တန်း အကောင်းဆုံးဆုကို တာဦး(၁)မှ (၇) နေမင်းခန့်၊ နောက်တန်းအကောင်းဆုံးဆုကို စု/ပေါက်(၇) ဟိန်းထက်အောင်၊ ဂိုးသမားအကောင်းဆုံးဆုကို စု/ပေါက်(၁) ဖြိုးမင်းခန့်နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးဆုကို မြို့မ(၄) အောင်မျိုးလှိုင်ကလည်းကောင်း ရရှိခဲ့ကြပြီး တတိယဆုကို တာဦး (၁)က လည်းကောင်း၊ ဒုတိယဆုကိုအစုကြီး/ပေါက်ဆိန်ပဲ့ကလည်းကောင်း၊ တံခွန်စိုက် ဆုကို မြို့မအသင်းတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)