ကျောက်ဆည် ဇန်ဝါရီလ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်၊ ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ စားသုံးဆီ အခက်အခဲ မရှိစေရေး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ယနေ့ နံနက်ပိုင်းက Zubu Kan Trading Co,Ltd နှင့် Myanmar Agroseed Co,Ltd ဝယ်ယူရရှိသော စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းများနှင့် ပတ်သတ်၍ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ စားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အခက်အခဲမရှိရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဆီဆိုင်များမှ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် အလှည့်ကျ ရောင်းချမည့်ရက်များ သတ်မှတ်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နေလသုခ၊ ယံယံ၊ ကြံတိုင်းအောင် ဆီအရောင်းဆိုင်များမှ မယ်ဇယ်ပင်၊ အင်တိုင်း တောတွင်၊ သပြေကုန်း၊ အရွှအင်း၊ ရှင်ငယ်ကျ ကျေးရွာများတွင် စားအုန်းဆီပိဿာ (၁၆၅၀)ပိဿာ၊ ကူမဲမြို့နယ်မှ လှ၊ အောင်စိုးမိုး၊ ငွေကလပ်၊ ဖိုးကံကောင်း ဆီအရောင်းဆိုင်များမှ ရွာခိုင်ကြီးကျေးရွာတွင် စားအုန်းဆီ(၈၈၀) ပိဿာ၊ ပလိပ်မြို့နယ်ခွဲမှ စစ်မှန်ဆီအရောင်းဆိုင်မှ ချမ်းသာကုန်းကျေးရွာတွင် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေးခဲ့ကြောင်းနှင့် ရောင်းချရာတွင် ရည်ညွှန်ဈေး တစ်ပိဿာ ငွေ(၄၉၅၅)ကျပ်ဖြင့် ဝယ်ယူခဲ့သည် ဆားအုန်းဆီများဖြစ်ပြီး တစ်ပိဿာ ငွေ(၅၃၉၁)ကျပ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)