ကျိုက်မရော ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမှတ်(၁/၂၀၂၄) အရ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်မှ အကျဥ်းသား(၂၁၅)ဦးတို့အား ယမန်နေ့ နေ့လည်ပိုင်းက ရာဇဝတ်ကျင့်ထုံး ပုဒ်မ- ၄၀၁၊ ပုဒ်မ ခွဲ(၁)အရစည်းကမ်းချက်များဖြင့် ၄င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိ သူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ပြုခဲ့သော အကျဥ်းသားများကို ကျိုက်မရောအကျဥ်းထောင် အစည်းဝေးခန်းမ၌ ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ မှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဦး၊ ကျိုက်မရောအကျဥ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဦးနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးရသည့် ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာဒေသအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာနေထိုင်သွားရန် ဆုံးမစကားပြောကြားကာ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ် (၁၄၂၆၉၅ိ)နှင့် စားစရိတ်ငွေ (၁၀၇၀၀၀ိ) စုစုပေါင်း (၂၄၉၆၉၅ိ)ကို ထောက်ပံ့ပေးအပ်ကာ မိမိတို့ဒေသများသို့ အဆင်ပြေစွာ သွားလာနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ ကျိုက်မရော အကျဥ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသူများတွင် ကျား(၁၄၇)ဦး၊ မ (၆၈) ဦးတို့ဖြစ်ကြောင်း အကျဥ်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)