မိုင်းယန်း ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် အလယ်တန်း၊ အထက်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်သူများ၊ အမျိုးသားပိုက်ကျော်ခြင်းလုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းများ၊ တာဝေးမာရသွန်ပြိုင်ပွဲဆုရရှိသူများ၊ အမျိုးသားအလွတ်တန်း စားပွဲတင်တင်းနစ် ဆုရရှိသူများအား မိုင်းယန်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ ဒိုင်းဆု၊ ဂုဏ်ပြုဆုတံဆိတ်များနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး