သနပ်ပင်မြို့နယ် တာဝရေတံခါးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

သနပ်ပင်  ဇန်နဝါရီ   ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  တာဝရေတံခါးကျေးရွာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ချိုမှ အမှာစကားပြောကြားရာတွင် ယခုလို စကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း  အသိပညာဗဟုသုတများ တိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာ က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဆက်လက်၍  လူငယ်စကားဝိုင်းစတင်ခဲ့ရာ တာဝေ‌ရေးတံခါးကျောင်း Grade (8)မှ မောင်ထူးအံလင်းက လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade(11)မှ မချယ်ရီမိုးက လူငယ်နှင့်မူးယစ်၊  Grade(9)မှ  မအေးချမ်းမြင့်မိုရ်က လူငယ်နှင့်စာရိတ္တ၊ Grade(10)မှ မခိုင်ခိုင်လွင်က လူငယ်နှင့်ရည်မှန်းချက်  အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။   

လှမိုး(ပြန်/ဆက်)