သတင်းများ

ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာ၊ သာသနာ့လင်္ကာရကျောင်းဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အားကစားနည်းများ ဖွံဖြိုးတိုးတက်စေရန်၊နိုင်ငံတော်၏ အထိမ်းအမှတ်နေ့တွင် အများပြည်သူများကြား အားကစားလှုပ်ရှား၍ ပါဝင်ဆင်နွဲနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို အမှတ်( ၉၂) ရပ်ကွက် ၊ ဘောလုံးကွင်းတွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန် က သာကေတမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
မိုင်းတုံမြို့၌ မင်္ဂလာလာဘသိဒ္ဓိစေတီတော်မြတ်အား ထီးတော်တင်ပွဲအခမ်းအနား ကျင်းပ
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ဥယျာဉ်ကျောင်းတိုက်တွင်တည်ထားကိုးကွယ်မည့် မင်္ဂလာလာဘသိဒ္ဓိစေတီတော်ကို ဇန်နဝါရီ  ၅ ရက်နေ့ နံနက် ၉နာရီ ၁၀ မိနစ်အချိန်တွင် ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပုံး-တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူအကျဥ်းထောင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူအကျဥ်းထောင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဥ်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၁/၂၀၂၄၊ ပြစ်ဒဏ်ကာလ (၁)နှစ်အောက် ကျန်သူများအနက်မှ ကျင့်ထုံးပုဒ်မ ၄၀၁(၁)ဖြင့် ထောင်မှလွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁:၄၅) နာရီအချိန်တွင် ကျင်းပသည်။