မြစ်သား ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က အဖွင့်အမှာစကား ပြောကြားပြီး အကဲဖြတ် အမှတ်ပေးဒိုင်ဖြစ်သော ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းနှင့် ရွှေကြာ အင်းကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်တို့မှ စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်စားတွေး ခေါ်နိုင်မှုနှင့်ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်း၊ စာကြည့်တိုက် အတွင်းရှိ စာအုပ်၊ စာပေများနှင့်လည်း ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း စစ်တုရင်ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကိုစတင်ကာ ယှဉ်ပြိုင်ခဲ့ကြသူ(၁၆)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်၍ ပထမဆုနှင့် ဒုတိယဆုများကို မေတ္တာလက်ဆောင်အဖြစ် ဒိုင်းဆုနှင့် အဖြူရှပ်အင်္ကျီတစ်ထည်စီ တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)