ဟင်္သာတမြို့နယ်၌ သီးနှံအခြခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ဟင်္သာတ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်ဒေသတွင် ပေါများစွာထွက်ရှိသော သစ်သီးဝလံများအပေါ် အခြေခံ၍ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန်ဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်းတီးပေးနိုင်ပြီး ကျေးလက်နေမိသားစုများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေ ရန်ဖြစ်ကြောင်း၊ တာရှည်ခံဓာတုဗေဒဆေးဝါး များနှင့် ဆိုးဆေးများ၏ ကောင်းကျိုး ဆိုးကျိုးများ နှင့် သီးနှံများအပေါ် အခြေခံသည် ယိုအမျိုးမျိုး၊ သစ်သီးဖျော်ရည်အမျိုးမျိုး၊ ဂျယ်လီနှင့် ဝိုင် ပြုလုပ်ခြင်းအစရှိသည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်သည့် နည်းပညာများအားလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း စသဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား ၅.၁.၂၀၂၄ ရက်နေ့မှ ၁၁.၁.၂၀၂၄ ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ(၂၀)ဦး တက်ရောက်သွားမည်ဖြစ် ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)