ချမ်းအေးသာစံ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေး တိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက် (၅၅၀/၅၅၁)၊ ၃၄ လမ်း၊ ၈၅×၈၆လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင်ဦးစီးဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများက စားအုန်းဆီ ပိဿာ ၅၀၀၊ ကြက်ဥအလုံးရေ ၂၄၀၀၊ ဘဲဥအလုံးရေ ၅၀၀၊ ဝက်သား ပိဿာ ၄၀၊ အမဲသား ၁၀ ပိဿာ၊ ငါးမုတ် ၃ ပိဿာ၊ ငါးတန် ၃ ပိဿာ၊ ငါးအုံတုံ ၃ ပိဿာ၊ ငါးမြစ်ချင်း ၅ ပိဿာ၊ ငါးကြင်းဖြူ (မန္တလေး) ၁ ပိဿာ၊ ကြက်သား ၂၅ ပိဿာ၊ ဘူးသီး ၂၀ လုံး၊ ဂေါ်ဖီထုပ် ၃၀ ထုပ် ၊ ဆိတ်သား ၂၀ ပိဿာ၊ ခရမ်းချဉ်သီး ၂၅ ပိဿာတို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့်ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါစျေးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်