တံတားဦးမြို့နယ်၌ ဝါသီးနှံပေါ်ချိန် ဝါတစ်ပိဿာလျှင် ငွေကျပ်(၃၁၀၀) ဈေးရရှိသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေ

 

တံတားဦး  ဇန်နဝါရီ ၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယခုနှစ်ဝါသီးနှံ လှိုင်လှိုင်ပေါ်ချိန်တွင် ဝါတစ်ပိဿာလျှင် ငွေကျပ် (၃၁၀၀)ပေါက်ဈေးရရှိသဖြင် ဝါစိုက်ပျိုးသည့် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 “ကျွန်တော်တို့ ဒေသဘက်မှာနိုဝင်ဘာလကတည်းက B -31ဝါတွေ စတင်ခူးဆွတ်ကြပါတယ် ၊ အခုချိန် ကတော့ ဝါတွေလှိုင်လှိုင်ပေါ်ချိန်ဆိုတော့ ဝါစိုက်တောင်သူတွေအားလုံး အပြိုင်အဆိုင် ဆွတ်ခူး နေကြ တယ်၊ ဝါဈေးကွက်ကတော့ လက်ရှိပေါက်ဈေး တစ်ပိဿာကို ငွေကျပ်(၃၁၀၀)ဈေးနဲ့ရောင်းချရပါတယ် ၊ ဝါဈေးက ယခင်နှစ်ဈေးနှုန်းထက်   ဈေးပိုမိုရရှိပါတယ်။ ဝါစိုက်ပျိုး စရိတ်ကတော့ တစ်ဧကကိုငွေကျပ် လေးသိန်းဝန်ကျင်ရှိပါတယ်။ ဒါ့ကြောင့် ဝါစိုက်တောင်သူများအနေနဲ့ လုပ်ငန်းအဆင်ပြေပါတယ်ဟု တံတားဦးမြို့နယ် ချောင်းပတ်ကျေးရွာ တောင်သူ ဦးဝင်းထူး “က ပြောကြား၍ သိရသည်။

ဝါဆွတ်ခူးချိန်မှာ ကျေးရွာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ  ရရှိပါတယ် ၊ ဝါခူးတာ တစ်ဦးလျှင် တစ်နေ့ကို (၁၅)ပိဿာလောက်ထိရပါတယ်။ B -31ဝါ တစ်ဧကို ပျမ်းမျှဝါပိဿာချိန်(၇၀၀)‌‌ကျော်ထွက်ရှိပါတယ်။ တစ်ခါဆူးလျှင် ဝါပိဿာချိန်(၅၀)ကျော်ရရှိပြီး အနည်းဆုံး(၁၀)ကြိမ် ခူးဆွတ်ရပါ ကြောင်း တံတားဦးမြို့နယ်တွင်  မိုးချည်မျှင်ဝါ( B-31 )အထူးထွက်တိုးဇုန် ( Pilot Area ) စံပြကွက် (၅၀)ဧကကို ချောင်းပတ်ကျးရွာတွင် (၂၅)ဧက၊ ငါးဇင်ရိုင်းကျေးရွာတွင် (၂၅)ဧက စိုက်ပျိုးထားပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကနေဒီ ထွန်းထံမှသိရသည်။

ရဲတင့်( ပြန်/ဆက်)