ကျိုက်မရော ဇန်နဝါရီ ၈
ကျိုက်မရော၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးစုံညီပွဲတော်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက.အ.ထ.က ကျိုက်မရောကျောင်းဝင်း၌ ကျင်းပပြုလုပ်သည်။ ဦးစွာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသူများ၏ ထုပ်စီးတိုးပြိုင်ပွဲနှင့်အထက်တန်းအဆင့်အသက် ၁၅ နှစ်အောက် အမျိုးသားခြင်းခတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲမကျင်းပမီ ကာယဆရာက အားကစားပြိုင်ပွဲများ၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားကာ အားကစားသမားများထားရှိရမည့် စည်မျဥ်းစည်းကမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများအား ဆုများချီးမြှင့်ခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ကာယဆု၊ ဥာဏဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)