သဲကုန်း​မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သဲကုန်း ဇန်နဝါရီ ၈

ပဲခူးတိုင်း​​​ဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်​ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်မင်းထိုက်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောခဲ့ကြားသည်။

သင်တန်းတွင်မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အခြားသောဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွင်း စိမ့်ဝင်ပြန့်နှံစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သဲကုန်းမြို့နယ်အတွင်းရှိ သင်တန်းသား စုစုပေါင်း (၅၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ​မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)